Tips For Tomorrow!

22 Aug 2016 by Linn Maung Thant

မနက်ဖြန် 23ရက်နေ့ 11:15အချိန်မှာတော့ ကျွန်တော်တို့အားလုံးမျှော်လင့်နေကြတဲ့ Chindwin College Football Team (CDC)နဲ့ ကျွန်တော်တို့ရဲ့ Info Myanmar College Football Team (IMC)တို့ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ် စာရေးသူကလည်း အားကစားနဲ့ နီးစပ်သူမဟုတ်လေတော့ ကစားသမားတွေအတွက် အကြံကောင်းတွေပေးဖို့အခက်အခဲရှိလာပါတယ် ဒါပေမယ့် U 23 ဘောလုံးသမားတွေကို မှာကြားဖူးတဲ့ နည်းပြကြီးဦးကြည်လွင်ရဲ့ဆုံးမစကားလေးတွေထဲက တစ်ချို့ကို နှစ်သက်မိလို့ IMCရဲ့ အားကစားသမားတွေအတွက် မျှဝေပေးလိုက်ပါတယ်…
၁ ဘောလုံးကစားသမားကောင်း တစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး
အတော်အလျှော့စိတ်ဝင်စားမူနဲ့လည်းမရပါ
မလျှော့သော ဇွဲ လုံ့လ ဝီရိယ အရင်းတည်လို့ ခိုင်မာသောစိတ်ဓါတ်တွေနဲ့ ငါတစ်နေ့ဘာဖြစ်ရမယ်ဆိုတဲ့စိတ်ဓါတ်နဲ့
ကြိုးစားအားထုတ်မူနဲ့ အပင်ပန်းခံ သည်းခံနိုင်လွန်းပြီး မဆုပ်မနှစ်ကြိုးစားရပါမယ်
အဲလို နာကြင်မူ ပင်ပန်းမူ တို့ကိုသည်းခံကျော်ဖြတ်နိုင်ရပါမယ်

၂ ကျရှုံးချိန်မှာ ရဲရင့်မှုရှိပါ
တစ်ခါတစ်လေ ဘယ်လိုကြုံရလဲဆိုတော့ ကိုယ်က ကျရှုံးသေးတာမဟုတ်ဘူး တစ်ဖက်အသင်းက ဂိုးသွင်းသွားတာနဲ့ကို စိတ်ဓါတ်ကတော်တော်ကျချင်နေပါပီ နှစ်ဂိုးအသာလောက်ရသွားရင် အချင်းချင်းစိတ်ဝမ်းတွေကွဲ မညီညွတ်ချင် သူကြောင့်ဘဲရူံးရတာလိုလို ငါကြောင့်ရူံးရတာလိုလို ဖြစ်လာတယ် ရဲရင့်တဲ့စိတ်တွေ ယုံကြည်မူတွေ လည်းပျောက်ကုန်တယ် နောက်တစ်ဘဝလုံးနဲ့ဆိုင်တာကတော့
လူတစ်ယောက်ဟာ
အမြဲအောင်မြင်နေတာ မဟုတ်ပါ တစ်ခါတစ်လေ လည်း ကျရူံးနိုင်တော့ ကျရူံးတဲ့ဒါဏ်လည်း ခံနိုင်ရပါမယ်

၃ အောင်မြင်တဲ့အခါတည်ငြိမ်မူရှိပါ
လူတွေရဲ့ သဘောသဘာဝကိုက အနည်းငယ်အောင်မြင်မူရှိနေစကိုက ငါကွဆိုပြီး မာန်တတ်ချင်တဲ့စိတ်ပါ
ပြိုင်ပွဲမှာလည်း အနိုင်ဂိုးတွေ ရနေပီဆို အများဆုံးဂိုးသွင်းသူများဖြစ်တဲ့
ရှေ့တန်းကစားသမားများက ငါသွင်းလို့ ငါလုပ်လို့ ငါတော်လို့ဆိုတဲ့ စိတ်ကလေးတွေဝင်မိကြမှာပါ ဘောလုံးအသင်းတစ်သင်းအောင်မြင်မူက တစ်ဦးကောင်းတစ်ယောက်ကောင်းပေါ် မူမတည်ပါဘူး အဖွဲ့အစည်းစိတ်ဓါတ်အပြည့်နဲ့ ညီညီညွတ်ညွတ်ကစားနိုင်မှသာ အောင်မြင်မူရမှာပါ
ဆိုတဲ့အချက်ကလေးတွေပဲဖြစ်ပါတယ်

အားကစားသမားများအားလုံးပဲ နည်းပြကြီးရဲ့စကားတွေထဲကနေ မှတ်သားစရာလေးတွေရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ နောက်ဆုံးအနေနဲ့ အဓိကမှာကြားချင်တာကတော့ မနက်ဖြန်ကွင်းထဲအထိ သွားရောက်အားကြမယ့် IMC Teamရဲ့ကစားသမားများနဲ့ အားပေးကြမယ့် IMCရဲ့အဖွဲ့ဝင် ပရိတ်သတ်များရဲ့နောက်ကွယ်မှာ Info Myanmar Collegeဆိုတဲ့ ကြီးမားတဲ့နာမည်ဂုဏ်ပုဒ်တစ်ခုရှိနေပါတယ် ဘောလုံးကွင်းအတွင်းက အားကစားသမားတွေရဲ့အပြုအမူတိုင်းဟာ Info Myanmar Collegeကိုကိုယ်စားပြုနေပြီး ပရိတ်သတ်များဟာလည်း ထိုနည်းတူပဲဖြစ်ပါတယ် ဒါကြောင့် အားကစားသမားများကလည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ကြကာ IMCအသင်းရဲ့ပရိတ်သတ်များအားလုံးကလည်း စည်းလုံးညီညွတ်မှုအပြည့်နဲ့ သဘောထားကြီးစွာ အားပေးကြပါလို့ မှာကြားလိုက်ရပါတယ်…

#WeAreIMC

Comments --

Loading...