ဗိုလ်ချုပ်ပြောသမျှ ဘောလုံအားကစားအကြောင်း

17 Aug 2016 by Linn Maung Thant

PULဘောလုံးအားစားပွဲများမှာလည်း တစ်နေ့ထက်တစ်နေ့နီးကပ်လာပြီဖြစ်သည်။ အားကစားဆိုသည်မှာ အနိုင်၊ အရှုံးရှိစမြဲဖြစ်၍ မိမိတို့က အစဉ်အမြဲမနိုင်နိုင် သည်ကတော့ သေချာပါသည်။ သို့သော်လည်း အားကစားသမားများအနေဖြင့် နိုင်ရမည်ဟူ သော ရည်မှန်း ချက်စိတ် ဓာတ် ရှိဖို့၊ ရည်မှန်းချက်ရှိသည့် အတိုင်းလည်း မိမိတို့စွမ်းအားရှိ သ မျှ အားကုန်ထုတ်ကစားဖို့နှင့် တရားမျှတစွာ ယှဉ်ပြိုင်ခြင်းဖြစ် ဖို့မှာ လွန်စွာအရေးကြီးပါသည် ။

အားကစားစိတ်ဓာတ်နှင့် ပတ်သက်၍ ၁၉၄၇ခုနှစ် ဇူလိုင် လ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင် ဗိုလ်ချုပ် အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်း၌ ယခုလို ပြောကြားခဲ့ ဖူးပါသည်။

“ကျွန်တော်တို့ဗမာတွေမှာ သောက်ကျင့်တစ်ခုရှိတယ်။ ဘာသောက်ကျင့်တစ်ခုရှိ သလဲ ဆိုရင် ဒါကလည်းပဲ ကျွန်တော် တို့ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ် မယ်။ဘာလဲဆိုတော့ ကျွန်တော်ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကို သွားတဲ့အခါ လှေ ပြိုင်ပွဲတစ်ခုရှိတယ်။ လှေပြိုင်ပွဲ လုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့ အခါမှာ ဘာဖြစ်သလဲ ဆိုတော့ လှေတွေပြိုင်လိုက်တာ၊နှစ်စင်း ပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက ပန်းတိုင်မရောက်သေးဘူး။ ရှေ့ ကို နည်းနည်းရောက်တယ်ဆို ရင်ပဲ တက်ထောင်တယ်။ ကြွား တယ်။ တစ်ခါရှုံးတဲ့ ၊ နောက်ကနေ တဲ့ လှေကလည်းပဲ ပန်းတိုင် မရောက်သေးဘူး။ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။ မကြိုး စားချင်တော့ဘူး။ ရှုံးတော့မှာပဲ ကွာဆိုပြီး ခြေပစ် လက်ပစ်နဲ့ တက် မခတ် ချင်တော့ဘူး။ ဒါဟာ ဘာလဲ ဆိုရင် တကယ့်တိုင်းပြည်ထူ ထောင်တဲ့နေရာမှာ လွတ်လပ် တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ် ဓာတ်မျိုးမဟုတ်ဘူး။ အဲဒီ စိတ် ဓာတ်မျိုးဟာ ကျွန်ဖြစ်မယ့် စိတ် ဓာတ်မျိုး။ ကျွန်ရဲ့ စိတ်ဓာတ်မျိုး၊ ဒီစိတ်ဓာတ်မျိုးရှိနေသမျှ ကာလ ပတ် လုံးကျုပ်တို့ ဗမာတွေ ကျွန် ဖြစ်နေမှာပဲ။ လွတ်လပ်ရေးရ ရင် လည်း မြန်မြန် ကျွန်ပြန်ဖြစ်မှာပဲ။” ဟု ဗိုလ်ချုပ်အောင် ဆန်းက အားကစားသမားတို့ ရှောင်ရှားရမည့် စိတ်ဓာတ်ကို ထည့်သွင်းပြောဆိုခဲ့သည်။

အားကစားပွဲတစ်ပွဲဖြစ် သော ဘောလုံးပွဲမှာဖြစ်စေ၊ နိုင်ငံ ထူထောင်ရာမှာဖြစ်စေ ထားရှိအပ်သည့် စိတ်ဓာတ် နှင့် ပတ်သက်၍လည်း ယခုလို ဆက် လက်ပြောကြားခဲ့ပါသေး သည်။

“ကျွန်တော်တို့ဗမာတွေ ဘောလုံးပွဲမှာ ကန်ကြတဲ့အခါ မှာဆိုရင် ကိုယ်က ပထမစဂိုး သွင်းရတယ်ဆိုရင် အတော် အား တက်လာတယ်။ အားတက်လာ တာနဲ့ ကန်တာနဲ့ ပြုတာနဲ့ နောက် တစ်ခါ အဲဒီလိုဖြစ်တဲ့အခါမှာ တော်တော်လေး ဂိုးလေးများ လာတယ်ဆိုရင် လျှော့လျှော့ပေါ့ ပေါ့ ကန်ချင်လာတယ်။ ငါနိုင် မှာပဲဆိုပြီး အဲဒါနဲ့နေပြီး တစ် ဖက်ကနေပြီး နောက်ဆုံး အပြီး သတ်မှာ ကပ်ပြီးပြန်ပြီးတော့ ဂိုး သွင်းသွားလို့ သရေဖြစ်ဖြစ်၊ ရှုံး တာဖြစ်ဖြစ် ဖြစ်သွားတာမျိုး လည်း ကျွန်တော်တို့ ဘောလုံးပွဲ ရာဇဝင်မှာ ခင်ဗျားတို့ ပြန်စဉ်းစားရင်တော့ တွေ့မှာပဲ။ ဒါတင် မကသေးဘူး။ ဒီရှုံးသွားတဲ့လူ ကလည်း ဘောလုံးကန် လို့ရှိရင် ပထမအပိုင်း နာရီဝက်မှာ ရှုံးသွားရင်တော့ တော်သေးရဲ့၊ ကျန်သေးတဲ့ ဒုတိယနာရီဝက် မှာကန်လို့ (၁ဝ)မိနစ်လောက် ကြာတော့ကိုယ့်ဘက်ကဂိုးမသွင်း နိုင်ဘူးဆိုရင် အဲဒီအခါကျရင် လူကိုချတယ်။ ဒါ ကျွန်တော်တို့ ဗမာဘောလုံး ကန်တဲ့ ဘောလုံး ပွဲအကျင့်ပဲ။ အဲဒါ Sporting Spirit မရှိဘူး။ ဒါဘာလဲဆိုရင် ဗမာတွေစိတ်ထဲမှာ ဗမာတွေ ဟာ စိတ်ဓာတ်ထက်တယ်။ ဘာညာနဲ့တလွဲ ဆံပင်ကောင်း နေတယ်ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ် က မဟုတ်တဲ့နေရာမှာ သွားပြီး ကောင်းနေတယ်။ တကယ့်နေရာ တွေကျေ တာ့ အသုံးမကျဘူး။ ဗမာပြည်လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ် ဘူး။ ဗမာပြည်ပြန်လည်ထူ ထောင်ရေးလုပ်တဲ့နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာ ဗမာ ချင်းချဖို့မှာ လုပ်ချင်တယ်။ အဲဒီ မျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုး မရှိဘူး" စသဖြင့်ဆုံးမ ပြောကြားခဲ့ပါသည်။

ယခုလာမည့် PULအားကစားပြိုင်ပွဲကြီးတွင်လည်း IMC Teamမှအားကစားသမားများသည် အားကစားစိတ်ဓာတ်အပြည့်ဖြင့် မိမိတို့အစွမ်းရှိသလောက် ကြိုးပမ်းအားထုတ်ကြရမည်။ ကျောင်းဂုဏ်ကိုဆောင်ကြရမည်။ သို့မှသာ မိမိတို့အသင်းလည်း ဂုဏ်တက်မည်ဖြစ်သကဲ့သို့ ကျောင်းဂုဏ်ကိုလည်းမြင့်မားစေပါလိမ့်မည်။ ကျွန်တော်တို့IMCကျောင်းသူ ကျောင်းသားများအားလုံးကလည်း သင်တို့ကို အစဉ်အမြဲအားပေးနေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

#WeAreIMC

Comments --

Loading...